banner-image

Brain Test တွင်ပါဝင်သည့် Physical, Social, EQ, IQ, Language တွက် မေးခွန်းများကို မှန်ကုန်စွာ ဖြေဆိုပါ

Physical

  • အသက်အရွယ်အလိုက်ဖွံဖြိုးရမှာထက် ပိုမိုပြီး ဖွံ့ဖြိုးရင်၊ ကျန်းမာရင်၊ အသက်အရွယ်အလိုက် ရှိသင့်တဲ့ ခန္ဓာကိုယ် အလေးချိန် ၊ အရပ်အမောင်းရှိရင်၊ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား ကစားရင် (Great)
  • ခန္ဓာကိုယ်ဖွံ့ဖြိုး ကျန်းမာပြီး လှုပ်ရှားကစားရင် (Good)
  • မကြာခဏ နေမကောင်းဖြစ်တတ်ရင် ၊ လှုပ်လှုပ်ရှားရှား မကစားရင်၊ မတက်ကြွရင် (Ok)

Social

  • လူမကြောက်တတ်ရင်၊ လူစိမ်းကို ခင်တွယ်လွယ်၊ ရင်းနှီးလွယ်ရင် ငယ်တဲ့ လသားလေးတွေ ဆိုရင်လည်း လူစိမ်းဆို မကြောက်တတ်ရင်၊ ပြုံးပြတတ်ရင်၊ သူငယ်ချင်းတွေနဲ့ ကစားတဲ့အခါမှာလည်း Sharing ကောင်းရင် ၊ တူတူကစားနိုင်ရင် (Great)
  • လူမကြောက်တတ်ပဲ အပြုံးအရယ် ရှိရင်၊ ရင်းနှီးလွယ်ရင်၊ တူတူကစားနိုင်ရင် (Good)
  • လူစိမ်းကို မရင်းနှီးလွယ်ရင်၊ ခေါ်လို့လည်းမရရင်၊ ရွယ်တူကလေးတွေနဲ့ ကစားတဲ့အခါမှာလည်း Sharing မကောင်းရင် (Ok)

EQ

  • မိဘတွေ ခိုင်းတဲ့အလုပ်ကိုလုပ်ပေးတယ် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်ရင်၊ မိဘစကားနားထောင်ပြီး၊ ဆရာမ၊ သူငယ်ချင်းများနဲ့လည်း လိုက်လျောညီထွေ ဖြစ်အောင် နေတတ်ရင်၊ လသားကလေး တွေ ဆိုရင်လည်း ဘာမှ မပြောနိုင်ရင်တောင် မိဘက "ချိုမိုင်မိုင်" ပြောရင် လိုက်လုပ်တတ်ရင် (Great)
  • မိဘခိုင်းတာတွေကို လုပ်ပေးတယ်၊ အခြားာမိသားစုဝင်၊ သူငယ်ချင်း၊ ဆရာမတွေ နဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေနိုင်ရင် (Good)
  • ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူး၊ တခုခုပြောပြီး လုပ်ခိုင်းရင်လည်း မလုပ်ချင်ရင်၊ ဘယ်သူနဲ့မှလည်း အဆင်မပြေရင် (OK)

Language

  • စကားမပြောတတ်တဲ့ အရွယ်ဆိုရင်လည်း မြင်သမ ျှ လူတွေကို ဝူးဝူးဝါးဝါး ပြောတ၊ မြင်သမ ျှ အရာတွေကိုလည်း ဝူးဝူးဝါးဝါးမေးတာ၊ စကားပြောတတ်တဲ့ အရွယ်ဆိုရင်လည်း မေးသမ ျှကို ဖြေနိုင်တာ၊ မေးသမ ျှကိုလည်း နားလည်လွယ်ပြီး ပြန်ဖြေနိုင်ရင် (Great)
  • စကားမပြောတတ်တဲ့ အရွယ်ဆိုရင်လည်း ဝူးဝူးဝါးဝါး ပြောရင် စကားပြောပြရင်လည်း ဝူးဝူးဝါးဝါး ပြန်ပြောရင်၊ စကားပြောတတ်တဲ့အရွယ်ဆိုရင်လည်း တခုခုမေးရင် ပြန်ပြောတာ၊ သူ့ကိုစကားပြောရင် လည်း ပြန်ပြောရင် (Good)
  • စကားမပြောတတ်တဲ့ အရွယ်မှာ ဝူးဝူးဝါးဝါး မပြောပဲ ငြိမ်နေရင်၊ စကားပြောတတ်တဲ့အရွယ် ဆိုရင်လည်း မေးလ ျှင်လည်း ပြန်မပြောနိုင်ရင်၊ သူ့ကို စကားပြောတာ၊ မေးတာကို သိပ်နားမလည်ပဲ ပြန်မပြောရင် (Ok)

သင့်ကလေး၏အမူအကျင့်ကိုအမှတ်ပေးပါ

(1,2,3,4,5 Rates အနိမ့်ဆုံး က နေ အကောင်းဆုံး)

Relaxed

  • စိတ်အေးချမ်းသာစွာ နေထိုင်တတ်ခြင်း
  • သက်တောင့်သက်သာ နေတတ်ခြင်း
  • စိုးရိမ်ပူပန်မှု ကင်းခြင်း

ဥပမာ - (အမြဲတမ်း ငိုယို၊တစ်ပူပူ၊တစ်ဆူဆူ မလုပ်ပဲ အေးချမ်းစွာနေတတ်တယ်)

Logical

  • ကျိုးကြောင်းဆီလေ ျှာ်စွာ စဉ်းစားတတ်ခြင်း
  • ချက်ကျ လက်ကျ စဉ်းစားတတ်ခြင်း
  • အခြေအနေများကို သုံးသပ်တတ်ခြင်း

ဥပမာ - (ABC၊123 အစဉ်လိုက် Block တုံး အကြီးမှအသေး၊အသေးမှအကြီး စီတတ်တယ်။ သဘာဝကျကျ ဘာပြီးရင်ဘာလာမလဲသိတယ်။)

Decisive

  • ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်ခြင်း
  • ဆုံးဖြတ်ချက်များကို လျင်လျင်မြန်မြန် နှင့် ဆုံးဖြတ်တတ်ခြင်း

ဥပမာ - (သူလုပ်ချင်ပြီဆိုရင် ကောင်းကောင်းဆိုးဆိုး ဇွတ်လုပ်တတ်တယ်)

Talkative

  • စကားပြောရန် ဝါသနာပါခြင်း
  • တောက်လေ ျှာက် စကားပြောတတ်ခြင်း

Consistent

  • ခိုင်မာသောစိတ်ရှိခြင်း
  • ကိစ္စ များကို တသမတ်တည်း ဇွဲရှိစွာ လုပ်ဆောင်တတ်ခြင်း

ဥပမာ - (ကလေးဆိုလျှင် အိပ်ချိန် ထချိန် စားချိန် ၀မ်းသွားချိန် ပုံမှန် လုပ်တတ်တယ်)

Avoid Conflict

  • သဘောမတူညီမှုများ၊ အငြင်းအခုံများ ကို ရှောင်နိုင်စွမ်း ရှိခြင်း
  • မကောင်းသည့် ရလာဒ်များကို ကြိုတင်သိမြင် တားဆီးနိုင်ခြင်း
  • စိတ်ထိန်း နိုင်ခြင်း

ဥပမာ - (မိဘနဲ့ပြန်ခံ မငြင်းဘဲ ခိုင်းတာလုပ်တယ်)

Calculating

  • အခြေအနေ ကို ကြည့်ပြီး ကိုယ့်အကျိုးအတွက် အသုံးချနိုင်ခြင်း
  • မကောင်းသည့် ရလာဒ်များကို ကြိုတင်သိမြင် တားဆီးနိုင်ခြင်း
  • စိတ်ထိန်း နိုင်ခြင်း

ဥပမာ - (သူကြိုက်တဲ့ပစ္စည်း၊မုန့်ဆိုရင် မိဘကို အချိုသပ်ပြီးတောင်းတတ်တယ်)

Fun Loving

  • ပေါ့ပေါ့ပါးပါး နေတတ်ပြီး တက်တက်ကြွကြွနေတတ်ခြင်း

ဥပမာ - (အမြဲတမ်းပြုံးရွှင်၍ ပျော်ပျော်နေတတ်တယ်)

Loyal

  • ပေးဆပ်ခြင်း၊ သစ္စာ စောင့်သိခြင်း
  • တခုခုကို ကြိုက်မိရင် စွဲမြဲစွာ ဆုပ်ကိုင်ခြင်း
  • အစွဲအလမ်းကြီးခြင်း

ဥပမာ - (ပစ္စည်း၊လူ အပေါ်ကြိုက်တဲ့ဟာဆိုရင် မလွှတ်တမ်းအစွဲအလန်းကြီးတယ်)

Quality Focused

  • အကောင်းကြိုက်တတ်ခြင်း
  • တစုံတခုကို ပြုလုပ်လ ျှင် ကောင်းမွန်စွာ လုပ်ကိုင်တတ်ခြင်း

ဥပမာ - (မိဘ ခိုင်းရင် သေသေချာချာ၊သပ်သပ်ရပ်ရပ်လုပ်ပေး ကူညီတယ်)

Competitive

  • ပြိုင်ဆိုင်လိုစိတ်ရှိခြင်း
  • ပြိုင်ဆိုင်ရသည်ကို စိတ်အားထက်သန်ခြင်း

ဥပမာ - (ကလေးအချင်းချင်း ပြိုင်ဆိုင်လိုစိတ်ရှိတယ်)

Enthusiastic

  • စိတ်အားထက်သန်သော
  • စိတ်ဝင်စားပြီး ဆိုလ ျှင် စိတ်အားထက်သန်စွာ လုပ်ဆောင်တတ်ခြင်း

ဥပမာ - (သူလုပ်ချင်တဲ့ဟာဆိုရင်ပါတ်၀င်းကျင်မေ့ပြီး အာရုံစိုက်စွာလုပ်ဆောင်တယ်)

Sincere

  • ဟန်မဆောင်သော
  • ရိုးသားဖြောင့်မတ်ခြင်း
  • အရိုးခံအတိုင်း ဆက်ဆံတတ်ခြင်း

ဥပမာ - (သူ့ရဲ့စိတ်ခံစားချက်ကို ဖြစ်ချင်တာကို မိဘကို ပြောပြတယ်၊လက်ညိုးထိုးတယ်)

Accurate

  • တိကျစွာလုပ်ဆောင်တတ်ခြင်း
  • အသေးစိပ် လုပ်တတ်ခြင်း

ဥပမာ - (မိဘခိုင်းတာကို သေချာတိတိကျကျ ဆောင်ရွက်နိုင်တယ်)

Practical

  • လက်တွေ့ဆန်ခြင်း
  • လက်တွေ့ကျစွာ လုပ်ဆောင်တတ်ခြင်း
  • လက်တွေ့ကျကျပဲကြိုက်

ဥပမာ - (ကိုယ်တိုင်လုပ်ရတာကြိုက်တယ် နို့ဗူး၊ထမင်းစား၊ရေသောက်၊သွားတိုက်)

Popular

  • လူအများရဲ့ နှစ်သက်မှု ကို ရရှိခြင်း
  • လူအများတွင် ထင်ပေါ်ခြင်း

ဥပမာ - (သူ့ကိုသူများက ဂရုစိုက်ရင် ချစ်ရင် ကြိုက်တယ်)

Patient

  • အဆိုးအကောင်း လက်ခံနိုင်စွမ်း ရှိခြင်း
  • ပြသနာများတွင် စိတ်ပူပန်မှု၊ စိတ်အနှောက်အယှက် မဖြင့်ပဲ သည်းခံနိုင်ခြင်း

ဥပမာ - (မုန့်၊အရုပ် လိုချင်တာကို မိဘအား အတင်းမပူဆာဘဲ ၀ယ်ပေးမှယူခြင်း)

Detail-Oriented

  • အသေးစိပ်ကို ဂရုစိုက်တတ်ခြင်း
  • အမြင်စူးရှခြင်း
  • ပြသနာ အရင်းမြစ် ကို နားလည်နိုင်စွမ်း ရှိခြင်း

ဥပမာ - (နို့ဗူး နို့မှုန့်အမျိုးအစားပြောင်းလျှင်သိတယ်၊မိဘ မနေ့က ဝတ်တဲ့အင်္ကျီ၊ဒီနေ့အင်္ကျီ အရောင်ပြောင်းလျှင်သိတယ်အင်္ကျီအသစ်ဝတ်ထားလျှင်သိတယ်၊မိဘ မျက်နှာရိပ်၊မျက်နှာကဲ သိတယ်)

Objective

  • ရည်မှန်းချက် ကို ရောက်အောင် သွားနိုင်ခြင်း
  • မိမိတွင် ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိခြင်း
  • အဆုံးအဖြတ်များတွင် ကိုယ်ပိုင် ခံစားချက် မပါပဲ မှန်ကန်စွာ ဆုံးဖြတ်နိုင်ခြင်း

ဥပမာ - (သူဖြစ်ချင်တာကို ဘယ်သူဘယ်လောက်ဆူဆူပြောပြော ရအောင်လုပ်တယ်၊ငိုပြီးရအောင်တောင်းတယ်)

Optimistic

  • အကောင်းမြင်တတ်ခြင်း
  • အနာဂတ်တွင် ပိုကောင်းလာမည် ဟု ယုံကြည်မှု ရှိခြင်း

ဥပမာ - (အကောင်းမြင်စိတ်ရှိတယ် မိဘကဆူပြောနေတာကို စိတ်မကောက်ပဲ သူလိမ္မာဖို့ပြောတာလို့ ခံယူတတ်တယ်)